နေရာအနံ့ စစ်ပြေးတိမ်းရှောင်‌ နေတဲ့ ဗန်းမော်မြို့ခံများ လူသားချင်းစာနာမှု အကူအညီလိုအပ်နေ
ဗန်းမော်မြို့။ ၁၈၊ ဒီဇင်ဘာလ၊၂၀၂၄
ကချင်ပြည်နယ်၊ ဗန်းမော်မြို့ နဲ့ မံစီမြို့တို့မှာ ကချင်လွတ်လပ်‌ရေး တပ်မတော် (KIA) နဲ့ ပူးပေါင်းတပ်တို့ မြို့သိမ်း တိုက်ပွဲထိုးစစ်ဆင်လာ‌သောကြောင့် မြို့ခံ ပြည်သူများက နေရာအနံ့ကို စစ်ထွက်ပြေးတိမ်းရှောင်နေရပါတယ်။
ထိုစစ်ပြေးတိမ်းရှောင်နေတဲ့ ဗန်းမော်နဲ့ မံစီမြို့ခံ စစ်ရှောင်ပြည်သူတစ်ချို့မှာ လက်ရှိမှာ မြို့ပြင်ရဲ့ လုံခြုံတဲ့နေရာ‌တွေမှာ တိမ်းရှောင်‌နေကြပြီး၊ ပြည်သူတစ်ချို့မှာ အခြားမြို့နဲ့ကျေးရွာဖြစ်တဲ့ မြစ်ကြီးနား၊လိုင်ဇာ၊ ဆင့်ကင်၊ မိုင်းခေါင်၊ စင်းခန်း၊ ရွှေကူ စသည့် နေရာတွေမှာ ထွက်ပြေးတိမ်းရှောင်နေကြကြောင်းသိရပါတယ်။
ထိ
“ထွက်‌ပြေးတိမ်ရှောင်ကြတာတော့ နေရာအနံ့ဘဲ။ ပိုက်ဆံလည်းရှိသူတစ်ချို့က ဆွေမျိုးရှိတဲ့တစ်ခြားမြို့ဘက်ကိုပြေးကြတာပေါ့။ တစ်ချို့က လမ်းစရိတ်မတတ်နိုင်တော့ မြို့ပြင်ရဲ့ လုံခြုံတဲ့နေရာမှာ တိမ်းရှောင်နေကြတာပေါ့။” လို့ လိုင်ဇာမြို့မှာ ဆွေမျိုးအိမ်တွင် မိသားစုနဲ့အတူ စစ်ပြေးတိမ်ရှောင်မှီခိုနေတဲ့ အသက် ၂၀ ကျော် အမျိုးသမီးတစ်ဦးကပြောပါတယ်။
ထို့အပြင် ‌စစ်ပြေးတိမ်းရှောင်တဲ့အချိန်မှာ အသက်လုထွက်ပြေးရ‌တာကြောင့် လက်ထဲဘာမှမပါဘဲ အင်္ကျီကိုယ်တစ်ထည်ဘဲ ပါတဲ့သူတွေ၊ ကျောပိုးအိတ်တစ်လုံးထဲဆန့်သလောက်ထည့်ပြီး ထွက်ပြေးတိမ်းရှောင်တဲ့လာ‌တာသူ‌တွေက ပိုများတာကြောင့် လက်ရှိအချိန်မှာ လူသားချင်းစာနာမှု အကူအညီတွေလိုအပ်ကြောင်းကို ဗန်းမော်မြို့ နဲ့အနည်းငယ် ဝေးတဲ့ မိုင်းခေါင်ကျေးရွာတွင် စစ်‌ ဘေးတိမ်း‌ရှောင်နေတဲ့ အသက် ၄၀အရွယ် အမျိုးသားတစ်ဦးကပြောပါတယ်။
“ထွက်ပြေးတဲ့သူအားလုံးက အသက်လုပြေးရတာ အိတ်တလုံးနဲ့အင်္ကျီကိုယ်တစ်ထည်ပဲ‌‌ပါတဲ့သူ‌တွေရှိတာပေါ့။ အဲ့တာကြောင့် အခုအချိန်မှာ အကူအညီတွေလိုအပ်နေပါတယ်။ အခုအချိန်အထိတော့ ဘယ်အဖွဲ့အစည်းကမှ အကူအညီမရသေးဘူး” လို့ သူကပြောပါတယ်။
ထိုအတူ အခြား ဆွေမျိုးရှိတဲ့ မြို့နေရာတွေ စစ်‌ဘေးတိမ်းရှောင်နေတဲ့သူတွေကလည်း အချိန်ကြာလာရင် စားဝတ်နေရေးအတွက် အခက်အခဲတွေရှိလာနိုင်တာကြောင့် သူတို့လည်း လူသားချင်းစာနာမှု အကူအညီ‌ပေးတာလိုအပ်ကြောင်း မြစ်ကြီးနားမြို့ဘက် တိမ်းရှောင်လာတဲ့ မိသားစုက ပြောပါတယ်။
“ကျွန်မတို့ မိသားစု ဒီဘက်ပြေးလာတဲ့အချိန် အသက်လွတ်ရုံဘဲပေါ့။ ဒီမှာဆွေမျိုးတွေတော့ရှိပေမဲ့ သူတို့လဲ အရမ်းရှိတဲ့သူတွေမဟုတ်ဘူး။ တစ်ရက်နှစ်ရက်တော့ ကျွေးနိုင်မှာ။ ကြာလာရင်တော့ အဆင်မပြေနိုင်ဘူးပေါ့။ ဒါကြောင့် အကူအညီလိုအပ်ပါတယ်” လို့ မိခင်ဖြစ်သူ အသက် ၄၀ ဝန်းကျင် အမျိုးသမီးကပြောပါတယ်။
ပြီးခဲ့တဲ့ ဒီဇင်ဘာလ ၄ရက်နေ့မှစပြီး ဗန်း‌‌မော်နဲ့ မံစီမြို့ရှိ စစ်ကောင်စီ တပ်စခန်းများကို KIA ပူးပေါင်းတပ်ဖွဲ့များ စတင်ထိုးစစ်ဆင်တိုက်ခိုက်ခဲ့ရမှ ယခုအချိန်မှာ ဗန်းမော်မြို့တွင်း တပ်စခန်းအပါအဝင် အားလုံး ၈၀ ရာခိုင်းနှုန်းကို KIA တို့မှ သိမ်းပိုက်ထားပြီဖြစ်ကြောင်း ရှေ့တန်း သတင်းအရင်းအမြစ်များထံမှ သိရပါတယ်။

Leave a Reply