KIAနဲ့ KPDF ပူး‌‌ပေါင်တပ် မြန်မာ- တရုတ် နယ်စပ်ဂိတ် ဖီမော်ကိုတိုက်ခိုက်သိမ်းပိုက်ပြီး ‌ကန်းဖန့်ဘက် က်လက်ထိုးစစ်ဆင်နေ

၃၊ နိုဝင်ဘာလ၊ ၂၀၂၄

ကချင်ပြည်နယ်ရှိ နောက်ထပ် မြန်မာ-တရုတ်နယ်ဂိတ် တစ်ခု ဖီမော်ကို မနေ့က ၆:၀၀ နာရီခန့်က KIAနဲ့ KPDFပူးပေါင်းတပ်တို့ အပြီးတိုက်ခိုက် သိမ်းပိုက်ခဲ့ကြောင်း ရှေ့တန်း သတင်းအရင်းအမြစ်က သိရပါတယ်။ ” ဖီ‌မော်နဲ့ တစ်ခြား စခန်းငယ်တွေအပါကို ၃‌ရက်‌ လောက်တိုက်ခဲ့ရတာ။ မနေ့ က ၅:၅၀မှာ အားလုံးကို အပြီးတိုက်ခိုက်သိမ်းပိုက်လိုက်ပါပြီ၊ ငါတို့ နေကာ ဖြစ်သွားပြီ” လို့ ‌သူကပြောပါတယ်။ အဆိုပါ ဖီမော်ဂိတ် တိုက်ခိုက်သိမ်းပိုက်ပြီးနောက် ဒီနေ့ မနက်က စပြီး ကန်ဖန့် ဘက် ဆက်လက် ထိုးစစ်နေပြီဖြစ်ကြောင်း သူက ဆက်ပြောပါတယ်။ “အခုတော့ ကန်ဖန့်ကျန်သေးတယ်။ အခု ကန်ဖန့်ဘက် ချီတက်နေပါပြီ။ တစ်ချို့တောင် ရောက်နေပြီလေ။ ဒီနေ့သိမ်းမလား မသိသေးဘူး” လို့ ပြောပါတယ်။ စစ်ကောင်စီလက်အောက်ခံ ဦးဇခုန်တိန်ယိမ်း ထိန်ချုပ်နယ်‌မြေရှိ အထူးဒေသ(၁) ပြည်သူစစ်တပ် စခန်းများကို KIAနဲ့ KPDFတို့ ပြီးခဲ့တဲ့ စက်တင်ဘာလ‌ နောက်ဆုံးရက်ကနေ ထိုးစစ်ဆင်ခဲ့ရာ တစ်လအတွင်း နယ်‌မြေ ၅၀ -၆၀ ရာခိုင်မယနှုန်း အထိ သိမ်းပိုက်ထားနိုင်ပြီဖြစ်ကြောင်း သိရပါတယ်။ Video – crd ( KIAနဲ့ KPDFတို့ ရှေ့တန်း တစ်နေရာသို့ သွားနေချိန် ဗီဒီယိုအဟောင်း)

Leave a Reply