ဖားကန့် မြို့အတွင်း စစ်ကောင်စီမှ တိုက်လေယျာဉ်နှစ်စီးဖြင့် ရမ်းတမ်းပစ်ခတ်နေ ဖားကန့်မြို့။

၁၃၊ နိုဝင်ဘာလ၊၂၀၂၄

ကချင်ပြည်နယ် ဖားကန့်မြို့ပေါ်တွင် ယနေ့ညနေ ၃:၀၀နာရီ ခန့်မှာ စစ်ကောင်စီမှ တိုက်လေယျာဉ် နှစ်စီးဖြင့် ရမ်းတမ်း ပစ်ခတ်တာရှိတယ်လို့ ဖားကန့်မြို့ ဒေသခံများထံမှ သိရပါတယ်။ ” ခနက ၃:၃၀မှာ လေယျာဉ်ပျံနှစ်စီး အပေါ်ကနေ ရမ်းပစ်ခတ်သွားတယ်။ သေနတ်ပစ်သံနဲ့ လေယျာဉ်ကနေမီးတွေ ထွက်တာတွေ့တယ်။ ထိခိုက်တာတွေတော့ မသိရသေးဘူး” လို့ ဒေသခံ အမျိုးသားတစ်ဦးကပြောပါတယ်။ ထိုအတူ နိုဝင်ဘာလ ၁၀ ရက်နေ့ကလည်း ဖားကန့် မှော်မောင်းယျံဘက် စစ်ကောင်စီမှ ရဟတ်ယျာဉ်နှစ်စီးဖြင့် လာရောက်ပစ်ခတ်တာကြောင့် ဒေသခံပြည်သူများ ထိခိုက် သေဆုံးတာရှိတယ်လို့ သူကဆက်ပြောပါတယ်။ အဆိုပါ ပစ်ခတ်မှုတွေ ဒေသခံပြည်သူ ထိခိုက်သေဆုံးမှုရှိမရှိနဲ့ ‌‌ သေဆုံးသူ အရေအတွက်ကို သီးခြားအတည်မပြုနိုင်သေးပါ။ ကချင်ပြည်နယ် ဖားကန့် ဒေသတွင် စစ်ကောင်စီနဲ့ KIAကြား ၅လကြာ အပစ်အခတ်ရပ်ထားသော်လည်း စစ်ကောင်စီမှ လေကြောင်းဖြင့် ဆက်လက်ပစ်ခတ်တာရှိနေတယ်လို့ ဒေသခံလူငယ်တစ်ဦးကပြောပါတယ်။ ” နှစ်ဖက်ဘက်က ၅လကြာ အပစ်ရပ်ထားတယ်တော့ ကြားတယ်။ ဒါကြောင့်ဘဲ တစ်ချို့ ဆိုင်းတောင်ဘက်က စစ်ရှောင်တွေက ပြန်လာနေတာရှိပြီ။ ဒါပေမဲ့ အခုလို စစ်ကောင်စီဘက်က လေကြောင်းနဲ့ ဆက်ပြီးပြန်လာပစ်နေတယ်” လို့ သူကပြောပါတယ်။

Leave a Reply