မိုးညှင်းမြို့။
ကချင်ပြည်နယ်မိုးညှင်းမြို့နယ်၊ အောင်သပြေရပ်ကွက်ရှိ ကချင်ရိုးရာမနောကွင်းထဲသို့ ရှမ်းနီတရားစီရင်ရေးတံဆိပ်ခြင့်သတိပေးခြိမ်းခြောက်စာကို ၂၀၂၄ ခနှစ်သြဂုတ်(၂၉)ရက်နေ့တွင်ပစ်ထားခဲ့မှုတစ်ခုပြုလုပ်ခဲ့ပါတယ်။ ယင်းခြိမ်းခြောက်စာတွင် ပါဝင်သည့် အကြောင်းအရာများမှာ ရှမ်းနီတွေကိုသတ်ဖြတ်ခြိမ်းခြောက်နေတဲ့ ကချင်တွေ သတိထားပြီးနေကြရန်၊ မိုးညှင်း ကက်သလစ်ဘုန်းကြီပစ်ခံရမှု၊ သစ်တောဝန်ထမ်းဦးဘောက်လာနဲ့ ဦးကျော်ခိုင်စိုး ပစ်သတ်ခံရမှုကဲ့သို့သောဖြစ်စဉ်များကိုမြင်ကြဖို့အတွကစာတွေဖော်ပြထားတာတွေ့ရပါတယ်။
” ခြိမ်းခြောက်စာထဲ့မှာက ရှမ်းနီများကိုသတ်ဖြတ်နေသည့် ကချင်တွေသတိထားပြီးနေကြဖို့ အတွက်ပြောတယ်” လို့ အသက် (၄၀) ဝန်းကျင်အမျိုးသားတစ်ဦးက Voice for Voiceless ကိုပြောသည်။
လက်ရှိမိုးညှင်းမြို့၌ရှမ်းနီပြည်သူ့စစ်များလက်နက်ကိုင်များပေါ်ပေါ်ထင်ထင်သွားလာနေပြီး ည(၇) နာရီနောက်ပိုင်းတွင်လမ်းပေါ်ရှိ လူငယ်များအားဖမ်းဆီးခြင်း၊ ည(၈)နာရီနောက်ပိုင်းတွင် နေအိမ်အတွင်းထိဝင်ရောက်ဖမ်းဆီးခြင်းဖြင့် ပြည်သူ့စစ်အဓ္ဓမစုဆောင်းရေးကိုပြုလုပ်နေတာတွေ့လည်းရှိနေတာဖြစ်ပါတယ်။
Photo: Crd

Leave a Reply