
ဗန်းမော်မြို့ နှင့် စင့်ကင်ရွာကြားရှိ တာပိန်မြစ်တံတားကို စစ်ကောင်စီအစိုးရမှ အတင်းဖျက်စီးခိုင်း
ဗန်းမော်မြို့။ ၂၄.ဇန်နဝါရီ.၂၀၂၄
ဗန်းမော်မြို့နှင့် စင့်ကင်ရွာကြားရှိ တာပိန်မြစ်ပေါ်တွင် တည်ဆောက်ထားသောဝါးတံတားကို ဖျက်စီးပစ်ရန် စစ်ကောင်စီအစိုးရမှ ပြီးခဲ့သော အပတ်တွင် စင့်ကင်ရွာတွင် စာရောက်ခဲ့ သောကြောင့် စင့်ကင်ရွာမှ တစ်အိမ်ထောင်လျှင် တစ်ယောက်မလာမနေရစနစ်ဖြင့် ဇန်နဝါရီလ ၊၂၃ရက်နေ့ တနင်္လာနေ့တွင် ဖျက်စီးခဲ့ကြပါသည်။
အဆိုပါ တံတားကို ပြီးခဲ့တဲ့ ဇန်နဝါရီလ ၆ ရက်နေ့တွင် စင့်ကင်ရွာသူရွာသားများက ကိုယ်ထူကိုယ်ထဖြင့် တည်ဆောက်ထားသောတံတားဖြစ်ပြီး စစ်ကောင်စီအစိုးရမှ PDFနဲ့ KIAတပ်များက ၎င်းတံတားကို အသုံးပြု၍ ဖြတ်သွားဖြတ်လာလုပ်သည်ဟု ဆိုကာ အတင်းဖျက်စီးခိုင်းကြောင်းသိရသည်။
“ ကျွန်တော်တို့ ဒီတံတားကို ဇန်နန်ဝါလ ၆ ရက်နေ့မှ စဆောက်ထားတာ စင့်ကင်ရွာကနေ ဗန်းမော်မြို့သို့ ကုန်ရောင်းကုန်ဝယ်လုပ်ဖို့ ဆောက်ထားတဲ့ တံတားဟုတ်တယ် စစ်ကောင်စီဘက်ကတော့ တောဘက်က PDFတွေ ဖြတ်သွားဖြတ်လာလုပ်တယ်ဆိုပြီး ဖျက်စီးခိုင်းတယ် ကျွန်တော်တို့တောင်ဒီတံတားကို တစ်ပတ်လောက်ပဲ အသုံးပြုရသေးတယ်” ဟု အမည်မဖော်လိုသူ ဒေသခံအမျိုးသားတစ်ဦး ကပြောပါသည်။
တာပိန်မြစ်ပေါ်တွင် ဆောက်ထားသောတံတားသည် ပေ(၁၀၀၀)ကျော်ခန့်ရှိပြီး စင့်ကင်ရွာသားများသာမက အခြားရွာမှပြည်သူများလည်း ကုန်ဝယ်ကုန်ရောင်းရာတွင်အသုံးပြုကြပါသည်။ တာပိန်မြစ်ကြီးတဲ့အချိန်မှာတော့ စက်လှေကိုအသုံးပြု၍ ကုန်သွယ်ကြကြောင်းသိရှိရပါသည်။
“တံတားကိုဖျက်စီးလိုက်တော့ စင့်ကင်ရွာကနေ ဗန်းမော်ကို သွားလာရေးလုပ်တဲ့အခါမှ အခက်အခဲတွေနဲ့ကြုံရတယ်။ မနေ့ကလည်း စစ်ကောင်စီတပ်က ရွာထဲသို့ လက်နက်ကြီးပစ်တယ် ဒါပေမဲ့ ရွာထဲမှာတော့မကျဘူး သဲသောင်ပြင်တွေရှိတဲ့ကျွန်းဘက်မှာသွားကျတယ်” ဟုအဆိုပါ ဒေသခံအမျိုးသားက ဆက်ပြောပါသည်။
စစ်ကောင်စီတပ်မှ ဗန်းမော်မြို့ ရွှေကျီးနားရပ်ကွက်ရှိ NLD လွတ်တော်ကိုယ်စားလှယ်ဟောင်း၏ ဂျိတ်ပိတ်ထားသောနေအိမ်ကို ယနေ့ ဇန်နဝါရီ ၂၄ရက်တွင် မီးရှို့ဖျက်ဆီးခဲ့ကြောင်းသိရှိရပါသည်။
