
ကားမိုင်းဌာနေပြည်သူ့စစ်တပ်ဖွဲ့မှ ဒရုန်းဖြင့် ပစ်ခတ်မှုကြောင့် အရပ်ပြည်သူ တစ်ဦးဒဏ်ရာရ
ဖားကန့်မြို့နယ်။ ၂၂.ဇန်နန်ဝါရီ.၂၀၂၄
၂၂ရက် ဇန်နဝါရီလ ၂၀၂၄ခုနှစ်တွင် ဖားကန်မြို့နယ် ကားမိုင်းဌာနေပြည်သူ့စစ်တပ်မှ ကားမိုင်း-လဝါးလမ်းပေါ်တွင် ဒရုန်းဖြင့် ရမ်းသမ်းပစ်ခတ်မှုကြောင့် အရပ်သားပြည်သူတစ်ဦးထိခိုက် ဒဏ်ရာရရှိခဲ့ပါသည်။
၎င်းဒဏ်ရာရအမျိုးသားသည် အသက်(၅၀)နှစ်ရှိ ဦးအင်ခွမ်ဇော်လောန်ဖြစ်ပြီး လဝါး-လဂေါင်ရွာမှ ကားမိုင်းသို့ ပစ္စည်းသွားဝယ်ရာ ကားမိုင်း-လဝါးလမ်းမပေါ်တွင် ကားမိုင်ဌာနေပြည်သူ့စစ်မှာ ဒရုန်းဖြင့် ရမ်းသမ်းပစ်ခတ်မှုကြောင့် ဘယ်ဘက်ပေါင်ပေါ်တွင် ဒဏ်ရာရရှိကာ ယခုလက်ရှိ၌ မြစ်ကြီးနားပြည်သူ့ဆေးရုံတွင် ပို့ဆောင်နေကြောင်းသိရှိရပါသည်။
“ဒီမနက် (၁၀း၃၀)မိနစ်ခန့်မှာ ဦးအင်ခွမ်ဇော်လောန်က ကားမိုင်းမြို့ဘက်မှာ စျေးသွားဖို့တက်သွားလိုက်တယ်။ ကားမိုင်းမရောက်ခင် ကားမိုင်းနဲ့ လဝါးလမ်းပေါ်မှာ ကားမိုင်းပြည်သူ့စစ်တွေက ဒရုန်းနဲ့ပစ်လိုက်တော့ သူ့ကိုလာထိပြီး ဒဏ်ရာရသွားတယ် အခုတော့ မြစ်ကြီးနားပြည်သူ့ဆေးရုံပို့လိုက်ပြီ”ဟု အမည်မဖော်လိုသူ ဒေသခံအမျိုးသားတစ်ဦးက Voice For Voiceless ကိုပြောပါသည်။
၎င်းဖြစ်စဉ်နှင့်ပက်သက်ပြီး ရွာလူကြီး ဦးဂျန်မော်နော်လတ်ကိုလည်း ပြည်သူ့စစ်မှ ဖမ်းဆီးခေါ်ဆောင်သွားကြောင်းသိရသည်။
