
ဖားကန့်မြို့နယ် မအူပင် ရေကာသာကျေးရွာတွင် စစ်ကောင်စီမှလက်နက်ကြီးပစ်ခိုက်မှုကြောင့် အမျိုးသားတစ်ဦးထိခိုက်သေဆုံး
ဖားကန့်မြို့။ ၁၄.အောက်တိုဘာလ.၂၀၂၃
နန့်ယားကျေးရွာမှ ထိုးစစ်ဆင်းလာသော စစ်ကောင်စီတပ်နှင့် KIAတပ်တို့က မအူပင်ရေကာတာ အရောက်တွင် တိုက်ပွဲများဖြစ်ပွား၍ စစ်ကောင်စီတပ်ဘက်က ကာမိုင်းမြို့မှ လက်နက်ကြီးများဖြင့် ပစ်ကူသောကြောင့် လယ်ကွင်းထဲတွင် အလုပ်လုပ်နေသူ တစ်မျိုးသားတစ်ဦးအား လက်နက်ထိမှန်ကာ သေဆုံးခဲ့ပါသည်။
၎င်းသေဆုံးသူအမျိုးသားသည် မအူပင် ရေကာတာတွင်နေထိုင်သော အသက်(၄၀)နှစ်အရွယ် ဦးကူးမာရ်ဖြစ်ပါသည်။ ဦးကူးမာရ်သည် ကလေး(၄)ဦး၏ဖခင်လည်းဖြစ်ပါသည်။
“ဒီမနက်(၆း၀၀)နာရီခန့်မှာ နန့်ယာကနဲ့ ထိုးစစ်ဆင်းလာတဲ့ စစ်ကောင်စီစစ်တပ်နဲ့ KIAတပ်တွေ တိုက်ပွဲဖြစ်ပြီး စစ်ကောင်စီတပ်က ကားမိုင်းဘက်ကနဲ့ လက်နက်ကြီးတွေနဲ့ပြန်ပစ်ကူတယ်။ အဲ့မအူပင် ရေကာသာနားက လယ်ကွင်းထဲမှာ အလုပ်လုပ်နေတဲ့ ဦးကူမာရ်ကလည်း စစ်ကောင်စီကနဲ့ပစ်လိုက်တဲ့ လက်နက်ကြီးထိလို့အဲ့မှာပဲဆုံးသွားတယ်” ဟု အမည်မဖော်လိုသူ အမျိုးသားတစ်ဦးကပြောပါသည်။
ထို့သေဆုံးသူအမျိုးသား၏ အလောင်ကို မိုးကောင်း ဆန့်ပါလီ သို့ သယ်ဆောင်သွားကြောင့်လည်းသိရှိရပါသည်။
၎င်း စစ်ကောင်စီတပ်က နေအိမ်နှစ်လုံးကိုလည်း ထပ်မံမီးရှို့ဖျက်ဆီးခဲ့ပြီး မအူပင် ရေကာသာမှ အရပ်သားပြည်သူများသည် လွယ်ဆိုင်ကျေးရွာ နှင့် ကတန်ယန်ကျေးရွာဘက်သို့ တိမ်းရှောင်ထွက်ပြေးနေကြောင့်သိရှိရပါသည်။
