၂၀၂၄ခုနှစ်၊ဇန်နဝါရီလ(၁)ရက်နေ့မှ(၁၀)ရက် အတွင်းဖားကန့်မြို့နယ် အခြေအနေ
ဖားကန်မြို့နယ်။ ၁၁.ဇန်နန်ဝါရီလ.၂၀၂၃
ဇန်နဝါရီလ ၉ ရက် ဖားကန်မြို့နယ်တွင် ကံဆီးဗျူဟာကုန်းမှ ထွက်လာသော စစ်ကောင်စီတပ်ဖွဲ့ဝင်များကို တပ်မဟာ(၉)တပ်ရင်း(၆) ကချင်လွတ်မြောက်ရေးတပ် (KIA) က ကြားဖြတ်တိုက်ခိုက်ခဲ့ပြီး စစ်ကောင်စီတပ်ဖွဲ့ဝင် တစ်ဦးသေဆုံးကာ (၁၁)ဦးကို အရှင်ဖမ်းမိခဲ့ပါသည်။
ဖားကန့်မြို့နယ် နန့်တိန်းကျေးရွာတွင်လည်း စစ်ကောင်စီတပ် နှင့် (KIA)တပ်ကြားတိုက်ပွဲပြင်းထန်ခဲ့ပါသည်။
မရှီကထောင်ရပ်ကွက်ရှိ ခခူးကွန်ပျူတာဆိုင်မှ လူငယ်နှစ်ဦးကို ဖမ်းဆီးခေါ်ဆောင်သွားကာ အခြားပစ္စည်းများကိုလည်း ယူဆောင်သွားခဲ့ပါသည်။
ဇန်နဝါရီလ ၈ ရက် ညနေ့ (၇)နာရီခန့်တွင် ဖားကန့်မြို့နယ် ဝှေခါဘက်သို့ စစ်ကူလာသော စစ်ကောင်စီစစ်ကြောင်းကို KIA တပ်က နန့်မှော်ကျေးရွာအနီးတွင် ကြားဖြတ်တိုက်ခိုက်ခဲ့ပါသည်။
ဇန်နဝါရီလ ၇ ရက် မွန်တည့်ချိန် (၁၂)နာရီခန့်တွက် ဖားကန့်မြို့နယ် တနင်္ဂနွေနေ့ ဘုရားကျောင်း၌ ဝတ်ပြုဆုတောင်းနေချိန် ဘုရာကျောင်းအနီးတွင် လက်နက်ကြီးကျရောက်ပေါက်ကွဲမှုဖြစ်ပွားခဲ့ပါသည်။
ဇန်နန့်ဝါရီလ ၆ ရက် စစ်ကောင်စီတပ်သည် ဖားကန့်ဗျုဟာကုန်းမှ ရမ်းသမ်းပစ်ခတ်လိုက်သော လက်နက်ကြီးကြောင့် ဆွတ်ဂျတ်ကောင်ရပ်ကွက်ရှိလူနေအိမ်တွင် ကျရောက်ပေါက်ကွဲကာ လူနေအိမ်နှစ်လုံး ပျက်စီးခဲ့ပြီး ဝှေခါကျေးရွာတွင် စစ်ကောင်စီတပ် နှင့် KIAတပ်ကြား တိုက်ပွဲပြင်းထန်နေချိန် စစ်ကောင်စီတပ်သည် ဝှေခါစစ်ကောင်စီခန်း ကုန်ပေါ်မှ ဂျက်ဖိုက်တာ တစ်စီးဖြင့် ဗုံးနှစ်ကြိမ်ဆက်တိုက် တိုက်ခိုက်ခဲ့ပါသည်။
ဇန်နဝါရီလ ၅ ရက် မွန်းတည့်(၁၂)နာရီခန့်တွင် စစ်‌ကောင်စီတပ် နှင့် KIA တပ်ကြား နန့်ယားကျေးရွာအနီးတွင် တိုက်ပွဲဖြစ်ပွားခဲ့ပါသည်။ လက်ရှိအချိန်တွင် နန့်ယားရွာသူရွာသားများ တော၌ထွက်ပြေးခိုလုံနေရသည်မှာ (၁)ပတ်ကျော်ခန့်ရှိလာပါပြီ။
လက်ရှိ ဖားကန့်မြို့အတွင်းစစ်ရေးတင်းမာနေသောကြောင့် စာသင်ကျောင်းများကို ယာယီပိတ်ထားကြောင်း ဖားကန့်နယ်ခံအမျိုးသမီးတစ်ဦးက Voice for Voiceless ကိုပြောပါသည်။

Leave a Reply