မြစ်ကြီးနာမြို့တွင် အသက်(၃၀)အရွယ်ပိုင်ရှင်မဲ့အလောင်းတွေ့
မြစ်ကြီးနားမြို့။၁၉၊စက်တင်ဘာလ၊၂၀၂၅
ကချင်ပြည်နယ်မြစ်ကြီးနားမြို့ စီတာပူရပ်ကွက်တွင် ယနေ့ နံနက် ၆ နာရီခန့်က အသက်(၃၀)အရွယ်ရှိ ပိုင်ရှင်မဲ့ အမျိုးသားရုပ်အလောင်းတစ်ခုတွေ့ရှိခဲ့ကြောင်း ဒေသခံများထံမှ‌ သိရပါတယ်။
“ဧရာဝတီမြစ်ကမ်းအနီးရှိ ဒူဝါခက်လလမ်း လမ်းဘေးမှာ အမျိုးသားတစ်ဦး သေဆုံးနေတာ။ ဘာဖြစ်လို့သေတာမသိဘူး။ ဘယ်သူဘယ်ဝါဆိုတာတော့မသိဘူး” လို့ စီတာပူရပ်ကွက်‌ ဒေသခံအမျိုးသားတစ်ဦးက‌ပြောပါတယ်။
အဆိုပါ ရုပ်အလောင်းမှာ အခြားထိခိုက်ဒဏ်ရာမတွေ့ရသလို သေလူဆုံးသူ၏ အိတ်ထဲတွင် အရက်ပုလင်းသာ တွေ့ရကြောင်း သူကဆက် ပြောပါတယ်။
သေဆုံးသူ၏ ရုပ်အလောင်းကို မြစ်ကြီးနားမြို့ရှိ လူမှုကူညီ‌ရေးအသင်းမှလာ‌ရောက်ကောက်ယူပြီး ရာဒါကောင် သုဿန်သို့ ပို့ဆောင်ခဲ့ကြောင်း သိရပါတယ်။
မြစ်ကြီးနားမြို့တွင် စစ်ကော်မရှင်အာဏာသိမ်းမှု နောက်ပိုင်း ခိုးဆိုးဓါးမြလုယက်မှုအပြင် ပိုင်ရှင်မဲ့ရုပ်အလောင်းများတွေ့ရှိမှု ပိုမိုများပြားလာကြောင်း သိရပါတယ်။

Leave a Reply