
ဝိုင်းမော်မြို့။ ၁၆၊ နိုဝင်ဘာလ၊ ၂၀၂၄
ကချင်ပြည်နယ် ဝိုင်းမော်မြို့နယ် နောင်ချိန်း၊ ဂွေထု၊ လဝါယာန် ကျေးရွာ တစ်လျှောက်မှာ အခြေစိုက် အုပ်ချုပ်နေတဲ့ စစ်ကောင်စီလက်အောက်ခံ ပြည်သူ့စစ်ခေါင်းဆောင် ဦးလဆန်အောင်ဝါ ယနေ့ မနက် ၈:၀၀နာရီ ဝန်းကျင့်ခန့်တွင် နာမကျန်းသဖြင့် ကွယ်လွန်သွားပြီးဖြစ်ကြောင်း ၎င်းမိသားစုနဲ့ နီးစပ်ရာ အမျိုးသမီးတစ်ဦးထံမှ သိရပါတယ်။
” နေမကောင်းတာတော့ ကြာပြီဟုတ်တယ်။ ဒီမနက် ၈:၃၀မှာ ဆုံးသွားတာပါ။ အရမ်းစိတ်မကောင်းဘူး။” လို့ သူမကပြောပါတယ်။
အဆိုပါ ဦးလဆန်အောင်ဝါက နောင်ချိန်း၊ ဂွေထု၊ လဝါယာန် စတဲ့ ကျေးရွာများတွင် ငြိမ်းချမ်းဖွံ့ဖြိုးရေးတွေလုပ်ပေးတာ ကြောင့် ဒေသခံများ အလွန်လေးစားခံရသူ တစ်ဦးလည်းဖြစ်တယ်လို့ သူမကဆက်ပြောပါတယ်။
ပြီးခဲ့တဲ့ ၂၀၂၃ ခုနှစ်မှာ စစ်ကောင်စီမှ သူ၏ လက်အောက်တွင်တာဝန်ထမ်း နေသူများကို သူရဘွဲ့ ချီးမြင့်ပေးရာတွင် ပြည်သူ့စစ် (KIAခွဲထွက်) ဦးလဆန်အောင်ဝါက ဝဏ္ဏကျော်ထင်ဘွဲ့ ချီးမြင့်ခံခဲ့ရကြောင်းသိရှိရပါတယ်။
