ဖားကန့်က‌နေမန္တလေးပြန်ရင် ကြုံရမဲ့လမ်းခရီးအခြေအနေက
အရမ်းမိုက်နေပါပီ…..
…………
ဆိုင်းတောင် ယူမာ မရှီကထောင် ဖားကန့် မှော်စီဇာ လုံးခင်း လယ်ပြင် ကနေပြီးရန်ကုန် မန္တလေးဆင်းလာချင်တဲ့သူတွေကို နည်းနည်းရေးပြပေးမယ်။
လေယာဥ်ခရီးကိုတော့မပြောတော့ဘူး ဒါပေမဲ့တစ်ခုရှိတာက ဖားကန့်ကနေမြစ်ကြီးနားကို ကားခကတော့ ၁သိန်းခွဲပေါက်တယ် လေယာဥ်ကမန္တလေးကို ၄သိန်း၇သောင်းမှာ အမြန်ကြေး၅သောင်းပါတယ်။
အဓိကပြောချင်တာက ကားလမ်း မန္တလေးကို ကားလေးနဲ့ဆင်းမှရမယ် ကားကြီးလမ်းကပိတ်ထားတယ် မန္တလေးကို ၃သိန်းခွဲပေါက်တယ်။ ဖားကန့်ကနေဘယ်ကားမဆို ၈နာရီနောက်ပိုင်းမှထွက်တယ် ဒါတောင်အစောဆုံး နန့်တိန်းတောင်ကိုကျော်လို့နမ့်မားကိုရောက်ရင် နေ့လယ်၁၁နာရီ နန့်မားကနေမိုးကောင်းကိုရောက်ရင် ညနေ၄နာရီလောက်ဖြစ်မယ် ။
လမ်းမှာKIAနဲ့ PDF ဂိတ်က ပြသနာမရှိပေမဲ့ ကာမိုင်းစစ်ဂိတ်ရောက်ရင် ထောက်ခံစာအတွက်၅ထောင်ပေးရလိမ့်မယ် ချိုချိုသာသာမပြောရင်နေခဲ့ရမယ်။
ဆက်ထွက်လာလို့ မိုးကောင်းမရောက်ခင်လက်ဝါးဂိတ်မှာ မှတ်ပုံတင်တောင်းကြည့်လို့ ၉/ ၇/ဆို၅ထောင်တောင်းလိမ့်မယ် ၅/ဆို၁သောင်းတောင်းလိမ့်မယ်။
မိုးညှင်းမှာညအိပ်ရမယ် ရွှေလယ်တောတို့ဘာတို့တနေရာရာ မနက်လင်းရင်နန့်စီအောင်ဖြတ်ရမယ် ဖြတ်ပြီးတာနဲ့ အင်းတော်ကွင်းလမ်းစပြီ မိုးမရွာပါစေနဲ့လို့သာဆုတောင်းပေတော့။
မိုးရွာရင် ရွာစဥ်ဖြတ်တဲ့တောလမ်းက စလစ်လမ်း အကယ်၍လမ်းမှာပိတ်မိခဲ့ရင် ဗွက်တောထဲမှာ လွမ်းကြပေရော့၊၆နာရီ၇နာရီမှာ ဗန်းမောက်လမ်းကမန်လည်လမ်းခွဲရောက်ပြီ ညအိပ်ဖို့သာနေရာရှာကြပေတော့။
မနက်၆နာရီမှာ PDF ကဂိတ်ဖွင့်ပေးလိမ့်မယ်ဆက်သာမောင်း ကန့်ဘလူနယ်ထဲဝင်ရင် ဘယ်နားအိပ်ရမယ်ဆိုအစိုးမရတော့ဘူး ရေလွှဲပေါက်နဲ့ စပါယ်နံသာမှာ ဗုံးကြဲနေတဲ့အတွက် ကွင်းလမ်းကိုထပ်ရွေးရမယ် PDF ကထွက်ဆိုမှထွက်ရမယ် ၁ညကြာချင်ကြာမယ် ၂ညကြာချင်ကြာမယ် ၃ည၄ည၅ည ပြောမရဘူး ကွင်းလမ်းကလေကြောင်းပစ်ကွင်းမို့ ဘာသာရေးတွေသာဖိလုပ်ပေတော့။
အဲ့ဒိကွင်းလမ်းလွန်ရင် ဒိုးပြားဆိုတဲ့ရွာကိုရောက်ပြီ ၁ညထပ်အိပ် ရေသန့်ဝယ်မရဘူး ထမင်းမရှိဘူး ဒါပေမဲ့မပူပါနဲ့ PDFက ထမင်းနဲ့ရေသန့်ဝေလိမ့်မယ်။
မနက်မှာဆက်ထွက်ရင်တော့ ဆားတောင်ကိုချောမောစွာဖြတ်နိုင်ရင် ရွှေဘိုရောက်ပြီ ကဲဒီလောက်ဆို မှော်ထဲကအမျိုးတွေနဲ့ သူငယ်ချင်းအပေါင်းအသင်းတွေသိလောက်ရောပေါ့။
ခရီးစရိတ်ကိုတော့၁၀သိန်းမှန်းထားပါ။
Facebook user U Ko Ko က သူ၏Facebook စာမျက်နှာမှာ ယခုလို ရေးသားဖော်ပြထားပါတယ်။
ဖားကန့်မှ မန္တလေးသို့ပြန်မည်ဆိုပါက လမ်းတွင်အနည်းဆုံးငါးည အိပ်ရမည်ဖြစ်သောကြောင့် မြစ်ကြီးနား-မန္တလေးနှင့် မြစ်ကြီးနား-ရန်ကုန်သို့ လေယာဉ်ဖြင့်သာခရီးသွားကြသူများပြားလာပြီး လေယာဉ်လက်မှတ်‌ ဈေးနှုန်းများအဆမတန်‌ပေး၍ သွားလာနေရတယ်လို့ အလုပ်ကိစ္စဖြင့်ခရီးအမြဲသွားနေရသူအမျိုးသမီးတဦးက အခုလိုပြောပါတယ်။
“စီးပွားရေးသမားတွေက လေယာဉ်တစီးလုံးစာကို လက်မှတ်ဝယ်လိုက်ပြီးတော့မှ ခရီးသွားတွေကို ဈေးတင်ပြီး ဂိုးရှိုးရောင်းစားတယ်လို့ သတင်းကြားတယ် ၊ဒီသတင်းဟာအမှန်ဆိုရင်တော့ လေကြောင်းလိုင်းကလေယာဉ်လက်မှတ်အရောင်းတာဝန်ရှိသူတွေက ဒါကို ကောင်းကောင်းကြပ်မတ်ပေးမှသာပြည်သူတွေအတွက်အဆင်ပြေမယ် “လို့ပြောပါတယ်။
Red PowerRanger ✍️

Leave a Reply