မတ်လအတွင်း ကချင်ပြည်နယ် လူ့အခွင့်အရေးချိုးဖောက်မှုဖြစ်စဉ်
ကချင်ပြည်နယ်။ ၃.ဧပြီလ.၂၀၂၄
၂၀၂၄ ခုနှစ် မတ်လအတွင်းတွင် ကချင်ပြည်နယ်၌ မတရားဖမ်းဆီးမှု, မတရားသတ်ဖြတ်မှု ၊ လက်နက်ကြီးရမ်းသမ်းပစ်ခတ်မှုကြောင့် အရပ်သားပြည်သူထိခိုက်သေဆုံးမှု စသည့် လူ့အခွင့် ချိုးဖောက်မှုများသည် ကချင်ပြည်နယ်အတွင်းရှိ မြို့နယ် အသီးသီးတွင် ဖြစ်ပေါ်ခဲ့ပါသည်။
မတ်လအတွင်း အရပ်သားပြည်သူ ဖမ်းဆီးခံရသူ စုစုပေါင်း (၇၃)ဦးရှိခဲ့ပြီး လက်နက်ကြီးရမ်းသမ်းပစ်ခတ်မှုနှင့် ရည်ရွယ်ချက်ရှိရှိ သတ်ဖြတ်ခဲ့ရသူမှာ ( ၃၃)ဦးရှိခဲ့ပါသည်။ထို့ပြင် မတရားပစ်ခတ်မှုနှင့် ရမ်းသမ်းပစ်ခတ်မှုကြောင့် ဒဏ်ရာရရှိသူ အရပ်သားပြည်သူဦးရေ (၁၇)ဦးရှိခဲ့ပါသည်။ အဓမ္မပြုကျင့် ခဲ့ရသူ အမျိုးသမီး(၁)ဦးလည်းရှိခဲ့ပါသည်။
ချိုးဖောက်ခံရမှု အများဆုံးမြို့နယ်မှာ ရွှေကူမြို့နယ်တွင် မတ်လအတွင်း (၅၀)ဦးခန့် ဖမ်းဆီးခံရပြီး ဒုတိယ ချိုးဖောက်ခံရမှု အများဆုံးမှာ ဗန်းမော်မြို့နယ်တွင် ဖမ်းဆီးခံရသူ (၁၈)ဦး၊ မတရားသတ်ဖြတ်ခံရသူ (၁၁) နှင့် ရမ်းသမ်းပစ်ခတ်မှုကြောင့် ဒဏ်ရာရရှိသူ (၂)ဦးဖြစ်ခဲ့ပါသည်။ ဖားကန့်မြို့နယ်တွင်လည်း မတရားသတ်ဖြတ်ခံရသူ (၁၁)ဦး နှင့် ရမ်းသမ်းပစ်ခတ်မှုကြောင့် ဒဏ်ရာရရှိသူ (၃)ဦး ရှိခဲ့ခြင်းကြောင့် တတိယ ချိုးဖောက်မှုအများဆုံးဖြစ်ခဲ့ပါသည်။ မိုးကောင်း၊ မိုးမောက်၊မြစ်ကြီးနား၊ ဝိုင်းမော်၊ မိုးညှင်း စသည့် မြို့နယ်များတွင်လည်း ဖမ်းဆီးမှု၊ မတရားသတ်ဖြတ်မှု နှင့် လက်နက်ကြီးပစ်ခတ်မှုကြောင့် ဒဏ်ရာရရှိသူများလည်းရှိခဲ့ပါသည်။ ထို့ပြင် ချီဖွေမြို့နယ်တွင် ပြည်သူ့စစ်တပ်ဖွဲ့ဝင် ကိုသူ ဆိုသူမှ အမျိုးသမီးတစ်ဦးအား အဓမ္မပြုကျင့် ကျူးလွန်ခဲ့ပါသည်။
၎င်းလူ့အခွင့်အရေးကို စစ်ကောင်စီတပ်မှ အများဆုံးကျူးလွန် ချိုးဖောက်ခဲ့ပြီး အမည်မသိအဖွဲ့အစည်း နှင့် ပြည်သူ့စစ်တပ်ဖွဲ့မှလည်း ကျူးလွန်မှုတွေရှိခဲ့ကြောင့် Online media နှင့် Kachin State Human Rights Network မှတ်တမ်းတွင် ဖော်ပြထားပါသည်။

Leave a Reply