ခုနှစ် နှစ်ကြာမြင့်ခဲ့သော်လည်း တရားမျှတမှု မရရှိသေးသော ကချင် စေတနာဝန်ထမ်း ဆရာမ(၂)ဦး

 

“Hkye la rit lo” (ကချင်လို “ကယ်ကြပါအုံး”လို့အော်တာဖြစ်တယ်)
ယနေ့ ၁၉.၁.၂၀၂၂ ရက်သည် ကချင်စေတနာ့၀န်ထမ်းဆရာမနှစ်ဦးအား မြန်မာစစ်တပ်မှ ရက်ရက်စက်စက် မုဒိန်းကျင့်သတ်ဖြတ်ခံရသည့် (၇)နှစ်ပြည့်တဲ့နေ့ဖြစ်တယ်။
မရန်လုရာ(၂၀)နှစ်နှင့် မတန်ဘောင်ခေါန်နန်စင်(၂၁)နှစ်တို့သည် မြစ်ကြီးနားမြို့မှကောင်းခါးကျေးရွှာ (ရှမ်းပြည်နယ်မြောက်ပိုင်း၊ မူဆယ်မြို့၏အရှေ့ဘက်မိုင်(၂၀)ခန့်အကွာ၊ အိမ်ခြေ(၂၈)အိမ်၊ လူဦးရေ(၁၆၀)ဦးနေထိုင် သို့ ကချင်နစ်ခြင်းခရစ်ယာန်အဖွဲ့ချူပ်(KBC) မှစေလွတ်သော စေတနာ့ဝန်ထမ်းဆရာများဖြစ်ကြပါသည်။
ခရစ်ယာန် ဘုရားကျောင်းဝန်းရှိ ဝါးထရံနှင့် ပြုလုပ်ထားသော အိမ်ငယ်ကလေးတစ်ခုတွင်နေထိုင်ကာ ဆရာမလေးနှစ်ယောက် ကျေးရွာ၏ စာသင်ကျောင်းတစ်ခုတွင် စာသင်ကြားပေးလျက်ရှိခဲ့သည်။
၂၀၁၅ ခုနှစ် ဇန်နဝါရီလ (၁၉) ရက်နေ့ နံနက် (၁)နာရီခန့်တွင် ဆရာမလေးနှစ်ယောက် ရက်စက်စွာမုဒိန်းကျင့်၊ ဓားထိုး၊ ရိုက်နက်ကာ သတ်ဖြတ်ခံခဲ့ကြရသည်။ ၎င်းရက်စက်ကြမ်းကြုပ်သော ရာဇဝတ်မှုကိုကျူးလွန်သူများမှာ အခြားမဟုတ်ပါ လူ့အခွင့်အရေးချိုးဖောက်မှုများကို စနစ်တကျကျူးလွန်လျက်ရှိသော မြန်မာစစ်တပ် ကျောက်မဲအခြေစိုက် တပ်ရင်း ခမရ ( ၅၀၃ ) သာဖြစ်ကြပါတယ်။ ၎င်းတပ်ရင်းမှာ ဆရာမလေးနှစ်ဦးနေထိုင်သည့် ဝါးထရံအိမ်ငယ်လေးနှင့် ကိုက်(၁၀၀) ခန့်အကွာတွင် အခြေစိုက်ရောက်ရှိလာခဲ့သူများဖြစ်ကြသည်။
ရက်စက်စွာသတ်ဖြတ်ခံခဲ့ရသူ ဆရာမလေးနှစ်ဦးတို့တွက် တရားမျှတမှုမှာ ယနေ့ချိန်ထိ ကင်းမဲ့နေဆဲဖြစ်ပြီး ကျူးလွန်သူမြန်မာစစ်တမ်မှာလည်း ကင်းလွတ်နေဆဲဖြစ်ပါသည်။
Two Kachin volunteer teachers who have not received justice for seven years ###################################
Please help is in Kachin language Today, January 19, 22, is the day that two Kachin volunteer teachers were brutally raped and killed by the Burmese Army.
Miss Maran Lu Ra, 20, and Miss Tan Baung Khon Nansin, 21. They are volunteer teachers sent by the Kachin Baptist Church (KBC) to a population of 160 people, 28 houses, about 20 miles east of Muse, northern Shan State.
Two teachers live in a small house made of bamboo walls around the church and teach in a village school.
On January 19, 2015, at around 1 am, two teachers were brutally raped. Sword They were beaten and killed. The perpetrators of this heinous crime are none other than Infantry(503) Burmese military, based in Kyaukme, which is committing systematic human rights abuses. The battalion arrived about 100 yards from the small bamboo wall house where the two teachers lived.
Justice is still lacking for the two teachers who were brutally murdered, and the perpetrators are still at large.

 

 

 

 

Leave a Reply