ခေတ်ပျက်ကြီးထဲက မတရားလိင်အကြမ်းဖက်ခံရတဲ့သမီးပျိုလေးနဲ့ ရင်ခွင်မဲ့ကလေးလေး ။
သတင်းဆောင်းပါး
ကချင်ပြည်နယ်။ ၂၁၊ ဇူလိုင်လ၊၂၀၂၅
တောရွာလေးတစ်ရွာက အသက်(၁၅)နှစ်အရွယ် မီးမီး(အမည်လွဲ)ဟာ ရှမ်းကချင်ကပြားမလေးမို့ အသားလေးဖြူဖြူ ပါးလေးကနီရဲရဲလေးနဲ့ ဖူးပွင့်ဖို့အားယူနေတဲ့ ပန်းလေးတစ်ပွင့်လိုမျိုး နုပျိုပြီး လတ်ဆတ်နေတာပေါ့ ၊မီးမီးရဲ့ အဖေကတောင်ယာလုပ်ငန်းလုပ်ကိုင်ပြီး မီးမီးရဲ့အမေကမှီခို ဖြစ်ပါတယ် ၊ မီးမီးတို မောင်နှမ (၅)ယောက်ရှိပါတယ် ။ မီးမီးကတော့ တတိယမြောက်သမီးဖြစ်တယ် ။ မီးမီးရဲ့ အမေဟာ (၆ )ယောက်မြောက်ကလေးကို ကိုယ်ဝန်ဆောင်ထားပြီး မီးမီးဟာမနက်စောစောအိပ်ယာထပြီးရင် အိမ်အလုပ်တွေကူညီပြီးမှ ကျောင်းသွားပါတယ်။ ကျောင်းမှာလည်း မီးမီးက လက်ရေးလှပြီး စာတော်တဲ့ ကျောင်းသူဖြစ်ပါတယ်။
မီးမီးဟာ ရည်းစားလည်းမရှိပါဘဲနဲ့ ကျောင်းတက်နေချိန်မှာဘဲ ကိုယ်ဝန်ရှိသွားပါတယ်။ကိုယ်ဝန်က( ၈ )လကျော်ရှိပြီဆိုပေမယ့် အပျိုမလုပ်တတ်သေးဘဲ အနေအေးဆေးတဲ့ မီးမီးဟာ ကိုယ်ကိုကိုယ် ကိုယ်ဝန်ရှိနေမှန်းမသိခဲ့ဘူး။
ကျောင်းက ဆရာမက ရိပ်မိလို အုပ်ထိန်းသူတွေနဲ့တိုင်ပင်ပြီး မီးမီးကို ဆီးစစ်ကြည့်မှ ကိုယ်ဝန်ရှိမှန်းသိတာ၊ ကျူးလွန်သူ ဘယ်သူလဲလို ကျောင်းကဆရာမက မေးကြည့်တော့ မီးမီးဟာ ခြိမ်းခြောက်ခံထားရလို့ ကြောက်လန့်နေပြီး မပြောရဲဘူး ၊ နောက်ဆုံးမှာတော့ သမီးအတွက်တရားမျှတမှုရဖို့ ပြောပြမှဖြစ်မယ်ဆိုပြီး ချော့မော့ပြီး မေးမြန်းခါမှ ကျူးလွန်သူက အဖေအရင်းဖြစ်တယ်လို ပြောပြလာပါတယ်။
အဖေအရင်းဟာ မနှစ်ကနှစ်အကူးပိုင်းဆောင်းတွင်း ည၁၁နာရီလောက်မှာ မီးမီးအိပ်နေတဲ့အခန်းထဲဝင်လာပြီး ဓါးနဲ့ထောက် အသံထွက်ရင်သတ်ပစ်မယ်လို့ခြိမ်းခြောက်ပြီး အဓမ္မအကြိမ်အကြိမ်ပြုကျင့်ခဲ့တာဖြစ်ပါတယ်။ မီးမီးဟာ ရာမစိတ်ကြွရူးသွပ်ဆေးပြားသုံးပြီး ဓါးနဲ့ထောက်ပြီးခြိမ်းခြောက် အဓမ္မပြုကျင့်တဲ့အဖေကိုကြောက်ပြီး မအော်ရဲ မတိုင်ရဲဘဲ ဆိုးဝါးလွန်းတဲ့ညတွေကို ကြောက်လန့်စွာနဲ့ တစ်ယောက်ထဲဖြတ်သန်းခဲ့ရပါတယ်။
တတိယအကြိမ် အဓမ္မပြုကျင့်ခံရချိန်မှာ မီးမီးရဲ့အမေက သိသွားပေမယ့် အမေကိုပါ အဖေက တိုင်ရင်သတ်ပစ်မယ်လို ဓါးနဲ့ထောက်ပြီး ခြိမ်းခြောက်ခဲ့တာမို့ ကလေးမီးဖွားပြီးခါစ မီးမီးရဲ့အမေဟာလည်း ကြောက်လန့်ပြီး နှုတ်ဆိတ်နေခဲ့ရပါတယ်။
ကိုယ်ဝန်ကို အန်ထရာဆောင်း (Ultra Sound)ရိုက်ကြည့် တော့ မိန်းကလေးတဲ့၊ မျှော်မှန်းထားသမျှရည်ရွယ်ချက်တွေ မျှော်လင့်ထားခဲ့တဲ့ စိတ်ကူးယဉ်အိမ်မက်တွေ အားလုံးပျက်စီးသွားပြီး မီးမီးတစ်‌ယောက်ကျောင်းကထွက်လိုက်ရပြီး ‌ ဆေးရုံမှာကလေးမွေးတယ်၊ ကလေးမွေးစရိတ်က( ၁၀)သိန်းကျော်ကုန်ကျတဲ့အတွက် အလုပ်အကိုင်မရှိတဲ့ မီးမီးရဲ့အမေဟာ သူများဆီက ချေးငှားပြီး ဆေးရုံစရိတ်ကိုဖြေရှင်းရတယ်၊ အဖေရင်းနဲ့ရတဲ့ကလေးကို မိဘမဲ့ဂေဟာတစ်ခုကို ပေးထားခဲ့ပါတယ်။ လူ့ဘဝထဲကို ဘာမှန်းမသိဘဲ ရောက်လာတဲ့ ‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌ကလေးလေးဟာ မိဘမဲ့ဘဝကိုခံယူပြီး မိဘမဲ့ဂေဟာမှာ ရှင်သန်ရဦးမယ်။
ရွာမှာနေဖို့အတွက် အဆင်မပြေတဲ့မီးမီးဟာ ကလေးကိုပေးပြီးတခြားမြို့ကို ထွက်သွားလိုက်ရပါတယ်။
အရင်က မီးမီး‌နေတဲ့ ရွာလေးကို ဒေသဖွံဖြိုး‌ရေးလုပ်တဲ့ အရပ်ဖက်အဖွဲအစည်း တွေဝင်ပေမယ့် အာဏာသိမ်းပြီး နောက်ပိုင်းမှာ ဘယ်အဖွဲအစည်းမှ မလာတာမို့မီးမီးအတွက်လိုအပ်နေတဲ့အကူအညီအထောက်အပံ့လည်း မရပါဘူး။
တရားဥပဒေစိုးမိုးမှုအားနည်းလာတဲ့ ခေတ်ပျက်ကြီးထဲမှာ လိင်အကြမ်းဖက်မှုကြောင့် အဖေမပေါ်ဘဲ ကလေးမွေးပြီး ကလေးစွန့်ပစ်တာတွေလဲ များလာတယ်၊ နှစ်နာသူမိန်းက‌လေးငယ်တစ်ယောက်ထဲ ကလေးကိုမွေးပြီး ခက်ခဲတဲ့ဘဝကိုရင်ဆိုင်နေရတဲ့ မိခင်ငယ်လေး တွေလည်းရှိပါသေးတယ် ။
လိင်အကြမ်းဖက်ခံရတဲ့ မိန်းမငယ်လေးတွေ ရှိသေးတာမို့ သူတိုတွေအကြောင်းဆက်ပြီး ရေးသားပါဦးမယ်။

Leave a Reply