ဖားကန့်မြို့တွင် နွံအိုင်ပေါက်ပြီး လူနေအိမ် (၅၀) အထက်မြုပ်ပြီး လူ (၁၀‌)ဦးအထက်‌ သေဆုံး
ဖားကန့်မြို့။ ၁၃၊ ဇန်နဝါရီလ၊၂၀၂၅
ကချင်ပြည်နယ်ဖားကန့်မြို့နယ် ဆိုင်းတောင် ဆိပ်မူဘက်မှာ ဒီမနက် ၁:၃၀ ခန့်က စပေါ့‌ ကျေးရွာရှိ အဓိပဓိနွံအိုင်ပေါက်ကျမှုကြောင့်‌အိမ်ခြေ(၅၀)အထက် နစ်မြုပ် ပျက်စီးသွားသလို၊ လူဦးရေ (၁၀)အထက် မနည်း အလောင်းတွေ့ရှိထားကြောင်း ဒေသခံများထံမှ သိရပါတယ်။
” စပေါ့လုပ်ကွက် နွံကန်ပေါက်သွားလို့ အိမ် (၅၀)ကျော်လောက်တော့ နစ်မြုပ်သွားပြီ၊၊ လော‌လောဆယ်တော့ လူ (၁၀)ယောက်လောက်တော့ အလာင်းရှာ‌တွေ့တယ်” လို့ ဒေသခံတစ်ဦးကပြောပါတယ်။
ထို့အပြင် နွံကန်ပေါက်မှုကြောင့် စပေါ့ကျေးရွာရှိ ဆုံစည်းရာရပ်ကွက်နဲ့ ချောင်းဖျားရပ်ကွက် ရပ်ကွက်နှစ်ခု နှစ်မြုပ်သွားကြောင်းလည်းသူက ဆက်ပြောပါတယ်။
အဆိုပါနွံကန်ပေါက်တဲ့ စပေါ့ကျေးရွာမှာ KIA ထိန်းချုပ်‌နယ်မြေဖြစ်ပြီး ၊ပြီးခဲ့တဲ့နှစ်ကတည်းက လုပ်ငန်းများရပ်ထားဖို့ကို အာဏာပိုင်များကသတိပေးထားတဲ့နေရာဖြစ်ကြောင်းသိရတယ်။

Leave a Reply