စစ်ကောင်စီ၏ ပြည်သူစစ်အထူးဒေသ(၁) ပန်ဝါမြို့ကို KIA နဲPDFပူးပေါင်းတပ် တိုက်ခိုက်သိမ်းပိုက်၊ ပြည်သူတွေ လေကြောင်း စိုးရိမ်နေရ

၁၉၊ အောက်တိုဘာ၊ ၂၀၂၄

ကချင်ပြည်နယ်၏ မြို့တစ်မြို့ဖြစ်တဲ့ စစ်ကောင်စီလက်အောက်ခံ ပြည်သူ့စစ် အထူးဒေသ (၁) ပန်ဝါမြို့ကို ကချင်လွတ်လပ်ရေးတပ်မတော် (KIA) နဲ့ ပူးပေါင်းတပ် ပြည်သူ့ တပ်မတော် PDF တို့က တစ် လကျော် တိုက်ခိုက်ခဲ့ရာ ဒီမနက် ၈:၀၀ နာရီဝန်းကျင်မှာ အပြီးသိမ်းပိုက်လိုက်ပြီးဖြစ်ကြောင်း စစ်ရေးသတင်းအရင်းအမြစ်တစ်ခုက‌ သိရပါတယ်။ “ပန်ဝါသိမ်းလိုက်ပြီ။ တစ်လကျော် ကြိုးစားလာခဲ့တာ။ တော်တော်ကြိုးစားခဲ့တဲ့ အကျိုးပါပဲ”ဆိုပြီး ဗီဒီယိုရုပ်သံမှာပြောထားပါတယ်။ ထိုပါဝါမြို့က‌ ဒေသခံပြည်သူများက စစ်ကောင်စီမှ လေကြောင်းဖြင့် လာရာက်ဗုံးကြဲတိုက်ခိုက်မှာကို စိုးရိမ်တာကြောင့် တရုတ်ဘက် တိမ်း‌ရှောင်ဖို့ လုပ်သော်လည်း တရုတ်ဘက်က ဝင်ခွင့်ပိတ်ထားကြောင့် အခက်အခဲများစွာ ကြုံတွေ့နေရကြောင်း အသက်၅၀ အရွယ်အမျိုးသမီးတစ်ဦးထံမှ သိရပါတယ်။ ” မနေ့ကနေ တိုက်ပွဲပြင်းထန်လို့ တရုတ်ဘက်ထွက်ပြေးတာ၊ တရုတ်က ဝင်ခွင့်မပေးဘူး။ သူတို့တရုတ်လူမျိုးတွေကိုဘဲ ဝင်ခိုင်းတယ်။ အခုက ပန်ဝါမြို့ကို KIA သိမ်းလိုက်ပြီ‌ လေ။ ဒါကြောင့် စစ်ကောင်စီက မြို့ကို လေကြောင်းနဲ့ လာဗုံးကြဲမှာကိုကြောက်‌ပြီး တရုတ်နယ်စပ်နဲ့ ကပ်နိုင်သလောက် ကပ်ပြီးနေနေရတယ်” လို့ သူမကပြောပါတယ်။ ထိုအပြင် လက်ရှိမှာ ဒေသခံစစ်‌ရှောင်ပြည်သူများက မြစ်ကြီးနားဘက်ဆင်းလို့လည်း မရသေးသလို၊ တရုတ်ပြည်ဘက်လဲ ဝင်ခွင့် မရတာကြောင့် ကိုယ်ဝန်ဆောင်မိခင်၊ ကလေးသူငယ်များ၊ သက်ကြီးရွယ်အိုများအတွက် လိုအပ်တဲ့ ‌‌ဆေးဝါးနဲ့ အစားအသောက်များ၊ အနွေးထည်များလည်း လိုအပ်နေကြောင်း အသက်၃၅နှစ်အရွယ် အမျိုးသားတစ်ဦးထံမှသိရပါတယ်။ “အရမ်းခက်ခဲနေတယ်။ အဓိကတော့ ကလေးတွေ၊သက်ကြီးရွယ်ကိုနဲ့ ကိုယ်ဝန်ဆောင်တွေပေါ့။တစ်ကယ်လို့ တရုတ်ဘက် ဒါမှမဟုတ် မြစ်ကြီးနားဘက် မရှောင်နိုင်ရင် ဒီမှာစစ်ရှောင်ဖို့က မလွယ်ဘူး။ အစားအသောက်၊ဆေးဝါးတွေ လုံလုံလောက်လောက်မရှိဘူး။ ဒီဘက်က အရမ်းလဲအေးနေပြီ၊ အနွေးအထည်တွေလည်းကိုယ်ဝတ်ထားသလောက်ဘဲ ပါတယ်” လို့ သူကပြောပါတယ်။ ပန်ဝါမြို့ကို KIA တိုက်ခိုက်သိမ်းပိုက်လိုက်တာကြောင့် စစ်ကောင်စီမှ လိုင်ဇာကို ည ၁:၀၀ ခန့်မှာ လေကြောင်းဖြင့် လာရောက်ပစ်ခတ်ဖို့ ပျံသန်းရာတွေ တရုတ်ဘက်မှ ပစ်ခတ်တာကို ခံရသဖြင့် ပြန်လည်ဆုတ်သွားကြောင်းလည်းသိရပါတယ်။

Leave a Reply