၂၀၂၄ခုနှစ် ဇန်နဝါရီလ နှင့် ဖေဖော်ဝါရီလ အတွင်း ကချင်ပြည်နယ် တိုက်ပွဲဖြစ်စဉ်
ကချင်ပြည်နယ်။ ၁၃.မတ်လ.၂၀၂၄
၂၀၂၄ ခုနှစ် ဇန်နဝါလ နှင့် ဖေဖော်ဝါရီလ အတွင်းတွင် ကချင်ပြည်နယ်၌ စစ်ကောင်စီတပ်နှင့် ပြည်သူ့စစ်ပူပေါင်းတပ်တို့ကတစ်ဖက် ကချင်လွတ်လပ်‌ရေးတပ်မတော် (KIA)တပ် နှင့် PDF ပူးပေါင်းတပ်တို့ တစ်ဖက် တိုက်ပွဲပေါင်း (၄၅)ကြိမ်ဖြစ်ပွားခဲ့ပါသည်။
တိုက်ပွဲအကြိမ်ရေအများဆုံးမှာ ဖာကန့်မြို့နယ်တွင် တိုက်ပွဲပေါင်း(၂၁)ကြိမ်ဖြစ်ပွားခဲ့ပြီး ဒုတိယ အကြိမ်ရေ အများဆုံးမှာ ဝိုင်မော်မြို့နယ် နှင့် မံစီမြို့နယ်တွင် တိုက်ပွဲပေါင်း (၇)ကြိမ်ဖြစ်ပွားခဲ့ပါသည်။ မိုညှင်း၊ မိုးမောက်၊ မြစ်ကြီးနား၊ ရွှေကူ နှင့် တနိုင်းမြို့နယ် အသီးသီးတွင်လည်း အနည်းဆုံးတိုက်ပွဲတစ်ကြိမ်ဖြစ်ပွားခဲ့ပါသည်။

Leave a Reply